မဲဇလီဟင်းချို
ပါဝင်ပစ္စည်းများ
မဲဇလီရွက် မနုမရင့် – အနည်းငယ်
ငါးရံ့ အနေတော် – တစ်ကောင်
ခရမ်းသီး – အရွယ်တော်တစ်လုံး
ခရမ်းချဉ်သီး – နှစ်လုံး
ဆန်လှော်မှုန့် – အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံး မဲဇလီရွက်ကို အခါးထွက်အောင် နှစ်ရေလောက် ပြုတ်ပေးရပါမယ်။ ငါးရံ့ကို လည်း ပြုတ်ပြီး အသားနွှင်ထားပါ။ ခရမ်းသီးကိုတော့ အလုံးလိုက် မီးဖုတ်ပြီး ပါးပါးလှီး ပါမယ်။ ခရမ်းချဉ်သီး နှစ်လုံးကိုလည်း ပါးပါးလှီးပါမယ်။ ကြက်သွန်ဖြူနီကိုလည်း ဆီသတ် ထားရပါမယ်။
လိုသလောက်အနေတော် ရေထည့်ထားတဲ့ ရေအိုးဆူပွက်လာအောင် တည်ထားပေးပါ။ ရေဆူလာပြီဆိုရင် အရိုးနွှင်ထားတဲ့ ငါးအသား၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနဲ့ ဆန်လှော်မှုန့် အနည်းငယ်ထည့်လိုက်ပါမယ်။ အရသာအပေါ့အငန်အနေတော်ဖြစ်အောင် ထည့်ပါ။ နည်းနည်းမွှေပေးပြီး အရသာထွက်လာအောင် ခဏလောက်အုပ်ထားပါ။ အဲလိုခဏ အုပ်ထားပြီးမှ မဲဇလီရွက်ပြုတ်တွေကို ထည့်ပါမယ်။ အရွက်ထည့်ပြီး အပြစ်အကျဲ အနေတော်လည်း [...]