ကျွန်မတို့နံနက်ခင်း အဆာပြေစာအတွက် ထမင်းကြော်လေး ကြော်စားကြရအောင်နော်။ ထမင်းကြော်ကို ပဲပြုတ်နဲ့ ကြော်တတ်သလို အသား၊ အသီးအနှံလေးတွေနဲ့လည်း ကြော်တတ်ပါတယ်နော်။ ဒီနေ့တော့ အသားရယ်၊ အသီးအနှံရယ်နဲ့ ထမင်းကြော် ကြော်ကြရအောင်နော်။
ထမင်းကြော်ဖို့အတွက် လိုအပ်တာကတော့ ချက်ပြီးသား ထမင်း၊ ကြက်သား၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်မဆလာ၊ ကြက်ဥတစ်လုံးနဲ့ ဆီတို့ပါနော်။ <
ထမင်းကို အတုံးလိုက်ဖြစ်မနေဘဲ ပွပွလေးဖြစ်အောင် မွထားပေးပါနော်။ ကြက်သားကို ရေစင်အောင်ဆေး ပါးပါးလေးတွေလှီးပြီး ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပေးထားပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး သေးသေးနုတ်နုတ်လေးတွေဖြစ်အောင် လှီးပေးထားပါ။ ဘိုစားပဲကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေး [...]