်
တိုရှည်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံး၊ မတ်ပဲ (black gram or black bean လို့ ခေါ်ပါတယ်နော်) လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်၊ ပဲနံ့သာစေ့ အနည်းငယ်၊ ဆား၊ ဆီ၊ ကြက်ဥတို့ပါနော်။ (တကယ်လို့ ကိုယ်က ဆီအစား ထောပတ်ကိုသုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်နော်။)
ဆန်ရယ် မတ်ပဲရယ် ပဲနံ့သာစေ့ရယ်ကို ရေနဲ့သန့်ရှင်းအောင် ဆေးကြောပြီး သုံးနာရီကနေ ငါးနာရီထိ ရေစိမ်ပေးထားပါနော်။ ပြီးရင် ရေတွေကို သွန်ပစ်ပြီး ဆန်နဲ့ ပဲနဲ့ကို မုန့်ကြိတ်ဆံမှာ ကြိတ်ပါ။ ပြည်ပရောက် မောင်နှမများအတွက်ကတော့ (food processor) နဲ့ကြိတ်ပါနော်။ မုန့်ကြိတ်တဲ့အခါ မုန့်သားညက်စေဖို့အတွက် ရေကို နည်းနည်းချင်းထည့်ပြီး ကြိတ်ပေးပါ။ ပြီးတော့ ရလာတဲ့ မုန့်နှစ်တွေကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ရပါမယ်နော်။ ဖျော်ပြီးတဲ့ မုန့်နှစ်ကိုမှ ဆားနည်းနည်းထည့်၊ [...]