အချိုပွဲ
အတာကူးတဲ့နှစ်ကူးရောက်တော့မှာမို့ ကျွန်မရဲ့ မောင်နှမတွေကို ခါသင်္ကြန်မှာ ရွှေရင်အေးချိုချိုအေးအေးလေး လုပ်ကျွေးပါရစေနော်။ ရွှေရင်အေးလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန့်လက်ဆောင်းဖတ်၊ သာကူပြင်၊ ကျောက်ကျော၊
မျှော့ချောင်း၊ ကောက်ညှင်း၊ ပေါင်မုန့်၊ အုန်းနို့ရည်၊ သကြား၊ ဆားအနည်းတို့ပါနော်။
မြန်မာပြည်မှာ နေတဲ့သူတွေအဖို့ မုန့်လက်ဆောင်းဖတ်ကို အလွယ်တကူ
ဝယ်လို့ရပေမယ့် နိုင်ငံခြားမှာ ရောက်နေတဲ့သူတွေအတွက်က မုန့်လက်ဆောင်းဖတ်က
ဝယ်ဖို့ အခက်သားနော်။ အဲ့ဒီတော့ မုန့်လက်ဆောင်းဖတ်
ဘယ်လိုလုပ်လို့ရမလဲဆိုတာကို အရင် ပြောပြပါရစေနော်။
(၁) မုန့်လက်ဆောင်းဖတ်လုပ်နည်း
မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်၊
ကွမ်းစားထုံးအနည်းငယ်နဲ့ ဆွမ်းမွှေးရွက် (Pandan leave) တို့ပါနော်။
ဆန်ကို ရေနဲ့ သန့်စင်အောင်ဆေးပြီး အနည်းဆုံး ၂ နာရီလောက်ကြာအောင်
ရေစိမ်ထားပေးပါနော်။ ဆွမ်းမွှေးရွက်ကိုလည်း ရေနဲ့ သန့်စင်အောင်ဆေးပြီး
အရွက်တွေကို လှီးပြီး ဆန်နဲ့အတူရောပြီး မုန့်ကြိတ်ပေးပါ။ ရေပုံးထဲ
ကွမ်းစားထုံးထည့်ပြီး ထုံးရည်ကြည်ရအောင် ထားပေးပါ။ မုန့်နှစ်တွေ
ရလာပြီဆိုရင်တော့ မုန့်အိတ် သန့်သန့်နဲ့ မုန့်ရေစစ်ပေးပါနော်။
မုန့်ရေစစ်တဲ့အခါမှာ မုန့်အိတ်ထိပ်ပိုင်းကို ကြိုးနဲ့ချည်ပြီး တိုင်မှာ
ချိတ်ထားပြီး [...]