ကုန်ပစ္စည်းများမှ ၈၀ ရာခိုင်နှုန်းကို အကောက်ခွန်သုညအထိ လျှော့ချပေးသွားမည်

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၂ ခုနှစ်မှာ အာဆီယံသတ်မှတ်အကောက်ခွန် ကုန်ပစ္စည်းစာရင်းမှ ၈၀ ရာခိုင်နှုန်းကို အခွန်နှုန်း သုညရာခိုင်နှုန်းအထိ လျှော့ချပေးသွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ သိရတယ်။ တာဝန်ရှိသူက “မူလအာဆီယံမှာ ခြောက်နိုင်ငံက ၂၀၁၀ ပြည့်နှစ်မှာ ကုန်အားလုံးကို အခွန်သုညရာခိုင်နှုန်းအထိ လျှော့လိုက်ပြီ၊ နောက်ဝင်တဲ့ လေးနိုင်ငံက နှစ်အလိုက် လျှော့ရမှာဖြစ်တယ်၊ ၂၀၀၈ ခုနှစ်မှာ ကုန်ပစ္စည်း ၆၀ ရာခိုင်နှုန်းအတွက် လျှော့ချခဲ့ပြီးပြီး၊ အခု ၂၀၁၂ ခုနှစ်မှာ ကုန်ပစ္စည်း ၈၀ ရာခိုင်နှုန်းအတွက် လျှော့ချပေးရမယ်၊ လာမယ့် ၂၀၁၅ ခုနှစ်မှာ ၉၃ ရာခိုင်နှုန်းအတွက် ၂၀၁၈ ခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်းအထိ လျှော့ရတော့မယ်” လို့ ပြောပြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံပေါင်းစည်းရေး ဦးစားပေးကဏ္ဍ ၁၁ ...


“ဂျီအက်စ်အမ်ဖုန်းများ ငါးနှစ်အတွင်း 4G အထိ အဆင့်မြှင့်မည်”

ဂျီအက်စ်အမ်ဖုန်းများအား ငါးနှစ်အတွင်း 4G အဆင့်ထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံကြား ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ သတင်းရရှိပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲနိုင်မှုမှာ တစ်နိုင်ငံလုံး လူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးစွဲနိုင်သေးကြောင်း၊ ငါးနှစ်အတွင်း ဖုန်းအလုံးရေ သန်း ၃၀ ချထားကာ နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ဖုန်းသုံးစွဲနိုင်ရန် ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဖုန်းအလုံးရေ လေးသန်းအား ချထားပေးရန် စီစဉ်ထားကြောင်း၊ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဖုန်းအလုံးရေ နောက်ထပ် ငါးသန်းအား ထပ်မံချထားပေးရန် စီစဉ်ထားကြောင်း သိရသည်။ 4G အဆင့်ထိ မြှင့်တင်သွားမည်ဆိုသည်မှာ ကောင်းမွန်ကြောင်း၊ သို့သော် လတ်တလောတွင် နိုင်ငံ့လူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးနေသည့်အချိန်၌ပင် ဖုန်းလိုင်းများ ...


အမျိုးသမီးတစ်ဦးမီးဖွားပြီး သေဆုံးခဲ့မှုအပေါ် ရွှေဂုံတိုင်ဆေးရုံနှင့်လူနာရှင်များ အငြင်းပွါး

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အထူးကုဆေးရုံကြီးတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးမီးဖွား ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့ရာ ဆေးရုံကြီးမှ တာဝန်ကျ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်များ၏ တာဝန် ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ကျန်ရစ်သည့် မိသားစုများက စွပ်စွဲခဲ့သလို ဆေးရုံဘက်မှ တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ ကွက်သစ်ဖြတ်လမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မခင်ခင်ဌေးသည် ခုနစ်လရှိပြီဖြစ်သည့် ကိုယ်ဝန်ကို အဆိုပါဆေးခန်းကြီးတွင် ပုံမှန်ထိုင်သည့် သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာတင် မောင်အေးထံတွင် အပ်နှံထားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။ အဆိုပါ ဆရာဝန်ကြီး မရှိသည့်အခါ တွင် ၎င်း၏ လက်ထောက် ဆရာဝန် ဒေါက်တာနိုင်ဝင်းဆိုသူနှင့် ...


စက်မှုဇုန်မြေကွက်များ ဈေးနှုန်းမြင့်တက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကြောင့် စက်မှုဇုန်အတွင်းရှိ မြေကွက်များအား ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် ရောင်းချလာပြီး မြေကွက်ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကြောင့် စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံလာနိုင်သည့် မျှော်မှန်းမှုများကြောင့် စက်မှုဇုန်မြေကွက်များဘက် အာရုံစိုက်လာကြကြောင်း အိမ်ခြံမြေ အသိုင်းအဝိုင်းများမှ သိရသည်။ ထိုကဲ့သို့ စက်မှုဇုန်မြေကွက်ဈေးနှုန်းများ မြင့်တက်လာသော်လည်း အရောင်းအဝယ်ဖြစ်လောက်သည့် ဈေးမဟုတ်ဘဲ ခေါ်ဈေးသာဖြစ်နေကြောင်း သိရသည်။ ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့စွန်နေရာများတွင် မြေကွက်များချပေးမည်ဆိုသည့် သတင်းများကြောင့် မြေကွက်များအား လိုက်လံဝယ်ယူလိုသူ အများအပြား ပေါ်ပေါက်လာပြီး အချို့မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြေကွက်အရောင်းအဝယ် ပိုမိုလာကြောင်း သိရသည်။ “ဒေါ်လာဈေးနဲ့ ရွှေဈေးတွေကျပေမယ့် အိမ်မြေဈေးတွေက မကျဘူးဖြစ်နေတယ်။ အဲဒီအပေါ်မှာ မြေကွက်တွေဘက် ကိုအာရုံစိုက်လာကြတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေက မြို့စွန်တွေမှာ မြေကွက်တွေဝယ်ယူလိုကြတယ်။ အဲဒါကြောင့် မြေကွက်ဈေးတွေ ကောင်းလာတာ။ တချို့ကလဲ ...


“မြန်မာ့လေကြောင်း လေယာဉ်သစ်နှစ်စင်း ဝယ်ယူမည်”

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်းက ပြည်တွင်းမှာ ပျံသန်းပြေးဆွဲဖို့ လေယာဉ်အသစ် နှစ်စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “လေယာဉ်အသစ် နှစ်စင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှာ ဝယ်ယူမှာ၊ အဲဒီလေယာဉ်တွေကို မြန်မာ့လေကြောင်းက ပြေးလမ်းတို လေယာဉ်ကွင်းမှာ အသုံးပြုသွားမှာ” လို့ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညွန့်လွင်က ပြောပါတယ်။ မြန်မာ့လေကြောင်းက ဝယ်ယူမယ့် လေယာဉ်အမျိုးအစားက Beechraft 1900 D အမျိုးအစားဖြစ်ပြီး ပြင်သစ်နိုင်ငံက မှာယူထားတာ ဖြစ်ပါတယ်။ ခရီးသည် ပို့ဆောင်ရေးအတွက် သာမက ကုန်တင်လေယာဉ် အဖြစ်ပါ အသုံးပြုနိုင်ဖို့ ဝယ်ယူထားတာ ဖြစ်ပြီး ခရီးသည် ၁၉ ဦးသာ လိုက်ပါနိုင်ပါတယ်။ လေယာဉ်အသစ်တွေကို ထားဝယ်၊ ကျောက်ဖြူ၊ စစ်တွေ၊ ရေနက်ဆိပ်ကမ်းမြို့တွေကို လေယာဉ်ခရီးစဉ် ...


Power plant builders may bid for work

  The Economy, Trade and Industry Ministry plans to oblige electric power companies to hold open bidding and compete with independent power producers (IPPs) when they plan to build new thermal power plants or add generators to existing plants, according to government sources. The ministry aims to stave off or at least minimize electricity rate hikes by ...


“ငွေလဲနှုန်း ဈေးကွက်ပေါက်ဈေးအတိုင်းဖြစ်ဖို့ အိုင်အမ်အက်ဖ်တိုက်တွန်း”

မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်းကြေး ပေါင်းစည်းရေး အတွက်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) ဇန်နဝါရီလမှာ ထပ်မံလာရောက်ဖို့ ရှိပြီးအဓိက အကြံပြုချက်က အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ခြောက်ကျပ်ကနေ နောက်ထပ် တရားဝင်နှုန်း ထားတစ်ခုထပ်ပြောင်းဖို့ အားမပေးဘဲ ဈေးကွက် ပေါက်ဈေးနဲ့ အညီ လဲလှယ်နှုန်းဖြစ်အောင် ကြိုးပမ်းဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက “အိုင်အမ်အက်ဖ် အဓိက အကြံပြုတာက နောက်ထပ် တရားဝင်နှုန်းပြောင်းဖို့ အားမပေးဘူး၊ ဥပမာ-ခြောက်ကျပ်ကနေ ၇၀၀ သတ်မှတ်တာမျိုးကို အားမပေးဘူး၊ ဈေးကွက်ဝယ်လိုအား ရောင်းလိုအားအတိုင်း လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ အားပေးတယ်လို့ အကြံပြုတယ်၊ ငွေကြေးပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ်ရဲ့ အစပိုင်းမှာပဲ ရှိသေးတယ်၊ အိုင်အမ်အက်ဖ်က ဇန်နဝါရီလမှာ ထပ်လာမယ်” လို့ ပြောပါတယ်။ သတ်မှတ်ဈေးမဟုတ်ဘဲ ...


“မြန်မာနိုင်ငံတွင် လုပ်သားအင်အား ၃၀.၉၆ သန်းတွင် ပြည်ပရောက် လုပ်သားဦးရေ ၁၀ ရာခိုင်နှုန်းရှိ”

မြန်မာနိုင်ငံ၌ လုပ်သားအင်အား ၃၀.၉၆ သန်းရှိပြီး ၄င်းလုပ်သားများအနက်မှ ၁၀ ရာခိုင်နှုန်းရှိသော လုပ်သား ၃ သန်းမှာ ပြည်ပသို့ သွားရောက် လုပ်ကိုင်နေကြကြောင်း ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။ အဆိုပါ ပြည်ပရောက်လုပ်သားများအတွက် အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ “ပြည်ပရောက် မြန်မာလုပ်သားတွေအတွက် အခွင့်အရေး ထိုက်သင့်သလောက် ရရှိနိုင်အောင် ဆောင်ရွက်ပေးမှုဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေသူတွေအတွက် တရားဝင်ဖြစ်ပြီး လုပ်သားအခွင့်အရေးတစ်ခု ရရှိသွားတာပေါ့။ တရားမဝင် လုပ်သားအများဆုံး သွားရောက်တဲ့နိုင်ငံကို ပြပါဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုပဲ ...


Stock Share Market Training သင်တန်းဖွင့်မည်

မြန်မာနိုင်ငံတွင် မကြာမီပေါ်ထွန်းလာတော့မည့် စတော့ရှယ်ယာ ဈေးကွက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ကြိုတင်လေ့လာ ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ Stock Share Market Training ကို စာရေးဆရာ ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်) ဦးစီး၍ စီးပွားရေးပညာရှင်များ ပေါင်းစည်းပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ညနေ ၄ နာရီမှ ၆ နာရီထိ ပို့ချမည်ဖြစ်ပြီး စိတ်ဝင်စားသူများ Strand Condo အမှတ်-၃၃/၄၉၊ ၇ လွှာ၊ အခန်း-၃၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ဘဏ်လမ်းထောင့်၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၅၅၅၅ဝ၅ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဦးစီးပို့ချသည့် ကုမ္ပဏီလမ်းညွှန် အဖွဲ့သည် ကုမ္ပဏီတစ်ခု စတင်တည်ထောင် ဖွင့်လှစ်သည်မှ ...


အရှုံးပေါ်နေသည့်လျှပ်စစ်ကဏ္ဍကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသွားရန်အစီအစဉ်ရှိ

  နှစ်စဉ်အရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ လောင်စာဆီဖြန့်ဖြူးမှုများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်းဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အရှိန်အဟုန်မြှင့်နေသော မြန်မာနိုင်ငံတွင် ရေရှည်၌ ကျပ်ငွေဘီလျံပေါင်းများစွာ ရှုံးနေသည့် လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းသွားမည်ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ယခုလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြောကြားသည်။ “တခြား နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လွှဲသလို ရေရှည်မှာ လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိကလွှဲဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။ နိုင်ငံတွင်းအသုံးပြုနေသော လျှပ်စစ်ဓာတ်အား အနက်ရေအားလျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ရှစ်ရာခိုင်နှုန်းခန့်နှင့် အခြားနည်းလမ်းများမှ သုညဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်းတွင် ၃၉၆ ရွာအနက်မြို့ ...


အများပိုင်ကုမ္ပဏီများ ပြန်လည် တည်ထောင်ခွင့်ပြုတော့မည်

၂၀၀၇ ခုနှစ်နောက်ပိုင်း အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းခဲ့သော အများပိုင်ကုမ္ပဏီ ဖွဲ့စည်းခြင်းကို ပြန်လည်ခွင့်ပြုပေးတော့မည်ဟု နေပြည်တော်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ သိရသည်။ “ပိုပြီး စီးပွားဖြစ်ထွန်းစေချင်လို့ အခုအစီအစဉ်တွေ ရေးဆွဲနေပါပြီ။ မကြာပါဘူး။ အမြန်ဆုံးဖွင့်လှစ်ခွင့် ရတော့မှာပါ” ဟု ၄င်းကပြောသည်။ လက်ရှိ၌ တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၂ သောင်းခန့်ရှိနေပြီး အများစုမှာ မိသားစုကုမ္ပဏီတို့သာ ဖြစ်နေကြကြောင်း လက်ရှိ ဈေးကွက်စီးပွားရေးအရလည်း မဖြစ်မနေ အများပိုင်ကုမ္ပဏီ လုပ်ဆောင်ပေးရတော့မည် ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည် ခွင့်ပြုခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ “မိသားစုကုမ္ပဏီနဲ့ အများပိုင်ကုမ္ပဏီ ဒီနှစ်ခုမှာ အများကြီး ကွာခြားမှုတွေ ရှိနေမှာတော့ အမှန်ပဲ။ အများပိုင်ကုမ္ပဏီမှာက ပြည်သူတွေ ရှယ်ယာထည့်ဝင်လို့ ရတဲ့အတွက် အိမ်မှာဒီအတိုင်းထားတဲ့ ပိုက်ဆံတို့၊ လတိုးပေးတာတို့ထက် ပိုကိုက်တဲ့အတွက် လူထုလည်း ...


မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ခွင့်ရှိသည့် ကားအရောင်းစင်တာ ဖွင့်ပြီ

မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူ နိုင်သည့် ကားအရောင်းစင်တာတစ်ခု ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၄၇) ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာနတွင် ဒီ ဇင်ဘာလ ၈ ရက်မှ စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါကားများမှာ စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာသည့်ကားများဖြစ်ပြီး တရုတ်နိုင်ငံ၊ Chery Automobile Co., Ltd. မှ ထုတ်လုပ်သည့် မီနီဆလွန်းကားများဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာနသည် ချယ်ရီမီနီ ဆလွန်းကားများကိုပထမဦးဆုံးအသုတ် အဖြစ် ကားအစီးပေါင်း ၁၀၀၀ ကို တင် သွင်းလာခဲ့ခြင်းဖြစ်ပြီး ယာဉ်အို ယာဉ်ဟောင်းများ၊ သက်တမ်းလွန်ယာဉ်များ အပ်နှံသူများကိုသာ ဦးစားပေးရောင်းချ မည်ဟုဆိုသော်လည်း ကားအရောင်း စင်တာဖွင့်လှစ်ပြီးချိန်တွင် မည်သူ့ကို မဆို လွတ်လပ်စွာ ...


ဓာတ်ဆီကို ဈေးနှုန်းအရှင်ဖြင့် လွတ်လပ်စွာ ရောင်းချခွင့်ပြုတော့မည်

ပြည်တွင်းထုတ် ဓာတ်ဆီကိုပုဂ္ဂလိက လုပ်ငန်းရှင်များအား ရောင်းဈေးနှုန်းအရှင်ဖြင့် လွတ်လပ်စွာ ပြန်လည်ရောင်းချခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းထုတ် ဓာတ်ဆီရောင်းဈေးနှုန်း တစ်ဂါလန်လျှင် ၂၃၂၂ ကျပ်အစား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဈေးကွက်ပေါက်ဈေးနှုန်း ပြင်ဆင်သတ်မှတ်ပေးပြီး ယင်းကဲ့သို့ ရောင်းချခွင့်ပြုတော့မည်ဟု သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့၌ ရောင်းချပေးမည့် အထိုင်ဈေးနှုန်းအပေါ် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူပို့ဆောင်သွားမည့် သယ်ယူပို့ဆောင်ခကို လုပ်ငန်းရှင်များမှ ပေးဆောင်ရမည်ဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများကို ပြည့်ဝစွာ မှန်ကန်စွာရရှိစေရန်အတွက် ပုဂ္ဂလိက အရောင်းဆိုင်များက ပြန်လည်ရောင်းချသည့် ရောင်းဈေးနှုန်းအပေါ်တွင် ကျသင့်မည့် ရောင်းခွန် ၅ ရာခိုင်နှုန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြာထားပါသည်။ ...


ပြည်ပခရီးသွား ဝင်ရောက်မှု သုံးနှစ်တာကာလအတွင်း စံချိန်တင်မြင့်တက်

ပုဂံရှေးဟောင်းဒေသအတွင်းသို့ သုံးနှစ်ကာလအတွင်း ယခုနှစ် ခရီးသွားရာသီ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု စံချိန်တင် များပြားခဲ့ကြောင်း ပုဂံဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ ယင်းကဲ့သို့ ယခုနှစ် ခရီးသွားရာသီအတွင်း ပြည်ပခရီးသွားဧည့်သည်များ အများအပြား ၀င်ရောက်ခြင်းနှင့်အတူ ပုဂံရှေးဟောင်းဒေသအတွင်း၌ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် ညစာစားပွဲများနှင့် ပါတီပွဲများကို ပြုလုပ်ခြင်းမရှိရန် ဖွဲ့စည်းထားသော လုံခြုံရေးအဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပုဂံဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဇော်ဝိတ်က “အခုနှစ် ခရီးသွားရာသီမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပြီးခဲ့တဲ့ သုံးနှစ်ကာလနဲ့ ယှဉ်မယ်ဆိုရင် စံချိန်တင်ခဲ့တဲ့နှစ် ဖြစ်ပါတယ်။ အခုလို ခရီးသွားတွေ များတဲ့ရာသီမှာ ပုဂံရှေးဟောင်းဒေသအတွင်း မည်သည့် နေရာတွေမှာ ညစာစားပွဲတွေ ပါတီပွဲတွေကို လုံးဝပြုလုပ်ခွင့် မပေးပါဘူး။ ကျွန်တော်တို့ဒေသမှာ ပြီးခဲ့တဲ့လက စပြီးတော့ ဖွဲ့စည်းခဲ့တဲ့ ...


“နေပြည်တော် မဲခေါင်ထိပ်သီးအစည်းအဝေး ဝန်ကြီးချုပ်များ တက်ရောက်မည်”

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာခေါင်းဆောင်များ စဉ်ဆက်မပြတ် လာရောက်နေသော မြန်မာနိုင်ငံ နေပြည်တော်တွင် ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များ၌ ကျင်းပမည့် လေးကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်များ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအစည်းအဝေး တက်ရောက်ရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၊ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှာနာဝပ်၊ ကမ္ဘောဒီးယားဝန်ကြီး ဟွန်ဆန်တို့ တက်ရောက်ရန်ရှိကြောင်း သက်ဆိုင်ရာ နိုင်ငံများ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံ ခြောက်နိုင်ငံဖြစ်သော တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ပြီး အခြားနိုင်ငံများမှာ မည်သည့်ခေါင်းဆောင်များ တက်ရောက်မည်ကို မသိရသေးချေ။ ယင်းအစည်းအဝေးတွင် ...


“ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပထမဦးဆုံး Call Center စတင်ဖွင့်လှစ်

  ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် Blue Ocean တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံး Call Center ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပြည်လမ်း အမှတ် (၃၆၁) (ဟံသာဝတီအဝိုင်းအနီး)၌ စတင်ဖွင့်လှစ်ပြီဖြစ်သည်။ ပြည်တွင်းမှ ပြည်သူများအနေဖြင့် သတ်ဆိုင်ရာ လုပ်ငန်းရုံးဌာနများသို့ အချိန်ကုန်ခံ၍ ကိုယ်တိုင်သွားရောက် စုံစမ်းရခြင်း၊ မည်သို့ ဆက်သွယ်မေးမြန်းရမည်ကို မသိရှိခြင်း စသည့် အခက်အခဲများ လျော့ပါးစေနိုင်သော Contact Center များကို ထူထောင်နိုင်ရန်နှင့် လူနေမှုဘဝပုံစံ မြင့်မားလာစေရန် ရည်ရွယ်ချက်တို့ဖြင့် Call Center ကို ဖွင့်လှစ်ခြင်းဖြစ်သည်။ Call Center မှ ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများမှာ ရတနာပုံတယ်လီပို့ ကုမ္ပဏီ၏ Call Center နှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များကို လက်ခံဖြေရှင်းပေးနိုင်ခြင်း၊ IT ...