ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမများကို ဒီနေ့တော့ အင်ဒိုနီးရှားစတိုင်လ် ကြက်ကြော်လေး ချက်ကျွေးပါရစေနော်။ ဒီမှာတော့ ကြက်ကြော်ကို AYAM GORENG လို့ ခေါ်ပါတယ်နော်။ ကျွန်မဒီမှာ နေခွင့်ရတဲ့ အိမ်မှာတော့ ကျွန်မ အမေက ထမင်းဟင်းချက်ကျွေးတော့ ကြက်ကြော်လေးက အရမ်းကို မွှေးပြီး စားကောင်းနေတာမို့ ဘယ်လိုကြော်ရတယ်ဆိုတာကို မေးပြီး ကြော်ထားတဲ့ ကြက်ကြော်
လေးကို မျှဝေပါရစေနော်။
ကြက်ကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား ရင်ပုံသား သို့မဟုတ် ပေါင်သား ၁ ကီလို၊ စပါးလင် ၅ ပင်၊ ချင်း လက်သုံးဆစ်၊ ပဒဲကော လက်သုံးဆစ်၊ နံနံစေ့ အနည်းငယ်၊ နနွင်းတက် (အင်ဒိုနီးရှားမှာတော့ နနွင်းမှုန့်အစား နနွင်းတက်အစိမ်းကိုသုံးပါတယ်နော်) လက်သုံးဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ရှောက်ရွက်၊ ဆားအနည်းငယ်နဲ့ [...]