ဝက်သားလိပ်ကြော်စားရအောင်

ဒီနေ့တော့ ချစ်မောင်နှမတွေကို ဟင်းချက်မကျွေးဖြစ်တာကြာပြီဆိုတော့ ၀က်သားလိပ်လေးကြော်ကျွေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၀က်သားလိပ်မကြော်ခင် ကျွန်မ ခုတလော မအားလို့ ဟင်းချက်မကျွေးဖြစ်တာကို ပထမဦးဆုံး တောင်းပန်ပါရစေနော်။ ကျွန်မကို နားလည်ခွင့်လွှတ်ပေးကြပါနော်။ ၀က်သားလိပ်လိပ်ဖို့အတွက် လိုအပ်တာလေးတွေကတော့ ၀က်သား အသားကောင်းကောင်း၊ ကြက်သွန်နီဥအကြီး၊ တရုတ်နံနံ၊ တရုတ်မာဆလာ၊ ဘဲဥ၊ ဂျုံမှုန့်၊ ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ပဲငံပြာရည်အပျစ်၊ ဆီ၊ ၀က်သားလိပ်လိပ်ဖို့အတွက် အောက်ခံဂျုံအပြားတို့ပါနော်။ ၀က်သားလိပ်အဆာပြုလုပ်နည်း ၀က်သားကို သန့်စင်အောင်ရေဆေးပြီး လက်မအရွယ် အတုံးလေးတွေဖြစ်အောင်တုံး၊ ပြီးတော့မှ ဆား၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ပဲငံပြာရည်အပျစ်နည်းနည်း၊ ကော်မှုန့်၊ ဂျုံမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါနော်။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ထက်ခြမ်းခြမ်းပါ။ ပြီးတော့မှ ကြက်သွန်ကို ကန့်လန့်ဖြတ် နည်းနည်းထူထူလေးဖြစ်အောင်လှီးပါ။ အဲ့ဒါကိုမှ နောက်တခေါက် အရှည်လိုက်လေး ဘလော့ဂ်တုံးလေးတွေ ဖြစ်အောင် လှီးပေးပါ။ ကြိုက်တတ်ရင် ...


စမူဆာ ပဲရည်သုပ်

Thursday, August 19, 2010 စမူဆာ ပဲရည်သုပ် ထမင်းအိုးဘလော့လဲ တော်တော်ကြီးကြာမှာ တစ်ခါလောက်ပဲ တင်နိုင်တော့တယ်။ သို့ပေမယ့်လည်း အိမ်ကထမင်းအိုးတော့ နေ့တိုင်းနားရတယ်လို့ မရှိပါဘူး။ ချက်တဲ့ဟင်းတွေက နောက်ပိုင်းထူးထူးခြားခြားမဟုတ်တော့တာရယ်၊ ဓာတ်ပုံမရိုက်ဖြစ်တာရယ်၊ အပျင်းကြီးနေတာနဲ့တင် ထမင်းအိုးဘလော့လေးလဲ မတင်ဖြစ်တော့ဘူး။ အယ် ဒါပေမယ့်.......... ပင်နီဆိုလာသွားတော့ ရနံ့သစ်မှာ စမူဆာပဲရည်သုပ်ရတယ်ဆိုလို့ မှာလိုက်တယ်။ ကုန်သွားပါပြီတဲ့။ ဒါနဲ့ စားချင်စိတ်က တားမရတာနဲ့ အိမ်မှာပဲလုပ်စားလိုက်ရတော့တယ်။ ဒီနေ့တော့ စမူဆာပဲရည်သုပ်ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ စမူဆာ ပဲရည်သုပ် ချဉ်ငံစပ်လေး ရပါပြီ။ သုံးဆောင်သွားပါအုံးလား။ စမူဆာပဲရည်သုပ် နယ်ပြီး ဖတ်ပြီးပုံပါ စမူဆာကြော် ကျွတ်ကျွတ်လေးပါ။ ဟောဒီက ကုလားမ ဘယာကြော်စပ်စပ်မွှေးမွှေးလေးပါ။ အဲအဲ........ ကုလားဘယာကြော်စပ်စပ်မွှေးမွှေးလေးပါ။ (ကုလားဘယာကြော်နဲ့တူအောင် ပြင်းတော်သိမ်ရွက် နိုင်းချင်းထည့်ပြီး ကြော်ထားတယ်။) စမူဆာကြော်၊ ကုလားဘယာကြော်၊ ပဲရည်၊ ဂေါ်ဖီပါးပါး၊ ကြက်သွန်နီပါးပါး၊ ငရုတ်သီးပါးပါး၊ ငံပြာရည်၊ သံပရာရည် ...


ငါးထမင်း(ရှမ်းထမင်းချဉ်)နဲ့ ကြက်သားချဉ်စော်ကားသီးချက်

Image Hosted by PicturePush - Photo Sharing

ငါးထမင်းနယ် လုပ်နည်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း တင်ခဲ့ဖူးပါတယ်.။ ဒါပေမဲ့ ဘလော့်အပြောင်းအရွေ့မှာ ပုံတွေ ပျက်ကုန်ခဲ့ပါတယ်. အဲဒါနဲ့ ပြီးခဲ့တဲ့ မကြာခင်ကမှ နောက် တစ်ခါ ပြန်လုပ် စားဖြစ်တာနဲ့ ဓာတ်ပုံတွေလဲ ရိုက်ထားလိုက်ပါတယ်။ ပိုစ့်ထဲကို ပုံတွေ ပြန်ထည့်ရင်း မသိသေးသူတွေလည်း သိသွားရအောင် ရှမ်းထမင်းချဉ်ခေါ် ငါးထမင်းနယ် လုပ်နည်းကို နောက် တစ်ကြိမ်   ပြန်တင်ပေးလိုက်ပါတယ်နော်။ တော်တော်များများလည်း ငါးထမင်းနယ် လုပ်နည်းကို သိပြီးသားဖြစ်မှာပါ။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ။ ငါးထမင်းချဉ်မှာ ငါးကတော့ အဓိကပေါ့နော်။   ပြုတ်ထားတဲ့ငါးကို အရိုး အသား နွှင်ပါတယ်..   ထမင်းကိုတော့ ခါတိုင်းထက် ရေများများပိုထည့်ပြီး ပျော့နေအောင်ချက်ပါတယ်... ပြီးတော့ ၀ယ်လာတဲ့ ငါးကို ရေစင်အောင်ဆေးကြောပြီး   ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားအချိုမှုန့် ထည့်ပြီး ပြုတ်ပါ တယ်။ ...


ရွှေရင်အေး

အချိုပွဲ အတာကူးတဲ့နှစ်ကူးရောက်တော့မှာမို့ ကျွန်မရဲ့ မောင်နှမတွေကို ခါသင်္ကြန်မှာ ရွှေရင်အေးချိုချိုအေးအေးလေး လုပ်ကျွေးပါရစေနော်။ ရွှေရင်အေးလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန့်လက်ဆောင်းဖတ်၊ သာကူပြင်၊ ကျောက်ကျော၊ မျှော့ချောင်း၊ ကောက်ညှင်း၊ ပေါင်မုန့်၊ အုန်းနို့ရည်၊ သကြား၊ ဆားအနည်းတို့ပါနော်။ မြန်မာပြည်မှာ နေတဲ့သူတွေအဖို့ မုန့်လက်ဆောင်းဖတ်ကို အလွယ်တကူ ၀ယ်လို့ရပေမယ့် နိုင်ငံခြားမှာ ရောက်နေတဲ့သူတွေအတွက်က မုန့်လက်ဆောင်းဖတ်က ၀ယ်ဖို့ အခက်သားနော်။ အဲ့ဒီတော့ မုန့်လက်ဆောင်းဖတ် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို အရင် ပြောပြပါရစေနော်။ (၁) မုန့်လက်ဆောင်းဖတ်လုပ်နည်း မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်၊ ကွမ်းစားထုံးအနည်းငယ်နဲ့ ဆွမ်းမွှေးရွက် (Pandan leave) တို့ပါနော်။ ဆန်ကို ရေနဲ့ သန့်စင်အောင်ဆေးပြီး အနည်းဆုံး ၂ နာရီလောက်ကြာအောင် ရေစိမ်ထားပေးပါနော်။ ဆွမ်းမွှေးရွက်ကိုလည်း ရေနဲ့ သန့်စင်အောင်ဆေးပြီး အရွက်တွေကို လှီးပြီး ဆန်နဲ့အတူရောပြီး မုန့်ကြိတ်ပေးပါ။ ရေပုံးထဲ ကွမ်းစားထုံးထည့်ပြီး ထုံးရည်ကြည်ရအောင် ထားပေးပါ။ မုန့်နှစ်တွေ ရလာပြီဆိုရင်တော့ မုန့်အိတ် သန့်သန့်နဲ့ မုန့်ရေစစ်ပေးပါနော်။ မုန့်ရေစစ်တဲ့အခါမှာ မုန့်အိတ်ထိပ်ပိုင်းကို ကြိုးနဲ့ချည်ပြီး တိုင်မှာ ချိတ်ထားပြီး ...


ဒိန်ချဉ်ပြုလုပ်နည်း

ကျွန်မမောင်နှမများကို ဒီတစ်ခါမှာတော့ ဒိန်ချဉ်လုပ်နည်းလေး လက်ဆင့်ကမ်းပါရစေ။ (ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ထဲမှ အမတစ်ယောက် အိန္ဒိယနိုင်ငံမှာ ပညာတော်သင်သွားရင်း ရလာခဲ့တဲ့နည်းလေးကို ကျွန်မ တဆင့် ပွားပေးလိုက်တာပါ)။ ဒိန်ချဉ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ရယ်၊ သံပုရာရည် (သို့မဟုတ်) ဒိန်ချဉ် လက်ဘက်ရည်ဇွန်းတစ်ဇွန်းတို့ပါနော်။ နောက်ပြီး ဒိန်ချဉ်နဲ့တွဲဖက်သောက်သုံးမယ့် ထန်းလျက်ရည် (သို့မဟုတ်) သကြား၊ ပျားရည် စတာတို့ပေါ့နော်။ ဒိန်ချဉ်လုပ်တဲ့နေရာမှာ အဓိကအရေးကြီးတာကတော့ ဒိန်ချဉ်တည်မယ့် အိုး၊ ဒါမှမဟုတ် အ၀ကျယ်ပုလင်း၊ ဖန်ပန်းကန်စတာတွေကို သန့်စင်အောင် ရေနွေးနဲ့ပြုတ်ပြီး ဆေးရပါတယ်။ အသုံးပြုမယ့် ပစ္စည်းကိရိယာအားလုံးကို တတ်နိုင်ရင် ရေနွေးနဲ့ပြုတ်ဆေးပြီးမှ သုံးပါ။ တခြားဟင်းနံ့တွေနဲ့လည်း မရောစေအောင် သတိထားပြီးမှ လုပ်ပါနော်။ နွားနို့အပြင် တခြားသော နို့ (ဆိတ်နို့၊ ကျွဲနို့) စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆီထုတ်ထားတဲ့နို့ဆိုရင်တော့ ကျန်းမာရေးအတွက် ပိုပြီးသင့်လျော်ပါတယ်။ နွားနို့ (၁) ...


ပဲကြော်မွမွလေး

မင်္ဂလာပါရှင့့်  မုန့်ဟင်းခါးချက်စားတိုင်း ပဲကြော်စားချင်ကြတဲ့ မောင်နှမများအတွက် ပဲကြော်ကြော်နည်းလေး မျှဝေလိုက်ပါတယ်နော်။ ပဲကြော်ကြော်တဲ့အခါ မုန့်နှစ်စပ်နည်း အမျိုးမျိုးရှိကြပါတယ်။ ချက်ချင်းစားဖို့အတွက်ဆိုရင်တော့ တန်ပူရာမှုန့်နဲ့ ကြော်လို့ရပေမယ့် တန်ပူရာမှုန့်နဲ့ကြော်ရင် ခဏလေးနဲ့ ပျော့သွားတတ်တယ်နော်။ တစ်ခါတလေကျတော့လည်း ပဲကြော်ကို ၀ါးရတာ မာမာကြီးဖြစ်နေတာတို့ ပြင်းတွဲကြီး ဖြစ်နေတာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးတွေ မဖြစ်စေဘဲ ပဲကြော်ကြွပ်ကြွပ်ရွရွမွမွလေး ဖြစ်အောင် ကြော်လို့ရမယ့် နည်းလေးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်။ ပဲကြော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြမယ်နော်။ ကုလားပဲ နို့ဆီဗူး တစ်ဗူး ဆန်မှုန့် နို့ဆီဗူး တစ်ဝက် ကောက်ညှင်းမှုန့် နို့ဆီဗူးသုံးပုံတစ်ပုံ ဂျုံမှုန့် နို့ဆီဗူး သုံးပုံတစ်ပုံ ချင်း အနည်းငယ် (အနံ့မကြိုက်ရင်တော့ မထည့်ပါနဲ့နော်) ဆား လက်ဘက်ရည်ဇွန်း တစ်ဇွန်း စားဆိုဒါ လက်ဘက်ရည်ဇွန်း တစ်ဇွန်း ရေ နို့ဆီဗူး သုံးခွက် ဆီ လိုသလောက် ဟင်းခပ်မှုန့် လက်ဘက်ရည်ဇွန်း နှစ်ဇွန်း (အိမ်မှာ မသုံးဘူးဆိုရင်တော့ ...


တုံယမ်အနှစ်လုပ်နည်းနဲ့ တုံယမ်းဟင်းရည်ချက်သောက်ရအောင်

ကျွန်မအမေက ကျွန်မကို မေးပါတယ်။ တုံယမ်အနှစ် ၀ယ်ထားတာ မရှိဘဲ ချက်လို့ရမလားတဲ့။ အမေ့ဆီမှာ မန်ကျည်းသီးမှည့် (Tamarind)၊ စပါးလင် (Lemon grass)၊ ပဒဲကော (Galangal)၊ Red Chilli၊ ရှောက်ရွက်နု (kaffir lime leaf)၊ ခရမ်းချဉ်သီး၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြားတို့ရှိရင် တုံယမ်အနှစ်ကို ကိုယ့်ဘာသာကိုယ်လုပ်လို့ရပါတယ်လို့ အမေ့ကို ပြောပြပါတယ်။ အဲ့ဒါနဲ့ပဲ အိမ်ရှိပစ္စည်းများနဲ့ ကျွန်မတို့ သားအမိ တုံယမ်ဟင်းရည်ချက်ကြပါတယ်။ တုံယမ်းအနှစ်ပြုလုပ်နည်း ၁။ မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ပေးပြီး မန်ကျည်းနှစ်တွေကို ခပ်ပျစ်ပျစ် စစ်ယူထားပေးပါနော်။ (လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးစာအနှစ်ရအောင်ယူထားပါ ၂။ စပါးလင် (၅-၇ ပင်)၊ နံနံပင်အမြစ် (၅ ပင်)၊ ပဒဲကောမြစ် (လက်သုံးဆစ်)၊ ခရမ်းချဉ်သီး (၇) လုံး၊ ...


ဝက်သားကုန်းဘောင်ကြီးကြော်

< ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို ၀က်သားကုန်းဘောင်ကြီးကြော်လေး ချက်ကျွေးပါရစေဦးနော်။ တခါတလေ ဟင်းအပြောင်းအလဲလေး ဖြစ်အောင် မြန်မာလို ဆီပြန်ဟင်းမချက်ဘဲ ကုန်းဘောင်ကြီးကြော်လိုက်ရအောင်နော်။ ၀က်သားကုန်းဘောင်ကြီးကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သားအသားကောင်းကောင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီဥကြီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ တရုတ်ပဲငံပြာရည်အပျစ်၊ အကျဲ၊ ချင်း၊ ကော်မှုန့် (corn flour) ၊ ဂျုံမှုန့် (wheat flour)၊ သကြား၊ အချိုမှုန့်အနည်းငယ်၊ တရုတ်နံနံ၊ ဆားအနည်းငယ်နဲ့ ဆီတို့ပါနော်။ ၀က်သားကို သန့်စင်အောင် ရေဆေးပြီး လေးထောင့်အတုံးလေးတွေ တုံးပါ။ ပြီးတော့မှ ကော်မှုန့်၊ ဂျုံမှုန့်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ ရောနယ်ပြီး နှပ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး လေးထောင့်ဘလော့ဂ်တုံးလေးတွေဖြစ်အောင် တုံးထားပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးပြားရိုက်ပေးထားပါ။ ချင်းကို ...


ထမင်းကြော်

ကျွန်မတို့နံနက်ခင်း အဆာပြေစာအတွက် ထမင်းကြော်လေး ကြော်စားကြရအောင်နော်။ ထမင်းကြော်ကို ပဲပြုတ်နဲ့ ကြော်တတ်သလို အသား၊ အသီးအနှံလေးတွေနဲ့လည်း ကြော်တတ်ပါတယ်နော်။ ဒီနေ့တော့ အသားရယ်၊ အသီးအနှံရယ်နဲ့ ထမင်းကြော် ကြော်ကြရအောင်နော်။ ထမင်းကြော်ဖို့အတွက် လိုအပ်တာကတော့ ချက်ပြီးသား ထမင်း၊ ကြက်သား၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်မဆလာ၊ ကြက်ဥတစ်လုံးနဲ့ ဆီတို့ပါနော်။ < ထမင်းကို အတုံးလိုက်ဖြစ်မနေဘဲ ပွပွလေးဖြစ်အောင် မွထားပေးပါနော်။ ကြက်သားကို ရေစင်အောင်ဆေး ပါးပါးလေးတွေလှီးပြီး ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပေးထားပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး သေးသေးနုတ်နုတ်လေးတွေဖြစ်အောင် လှီးပေးထားပါ။ ဘိုစားပဲကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေး ...


ကြက်ကြော်မွှေးမွှေးလေး

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမများကို ဒီနေ့တော့ အင်ဒိုနီးရှားစတိုင်လ် ကြက်ကြော်လေး ချက်ကျွေးပါရစေနော်။ ဒီမှာတော့ ကြက်ကြော်ကို AYAM GORENG လို့ ခေါ်ပါတယ်နော်။ ကျွန်မဒီမှာ နေခွင့်ရတဲ့ အိမ်မှာတော့ ကျွန်မ အမေက ထမင်းဟင်းချက်ကျွေးတော့ ကြက်ကြော်လေးက အရမ်းကို မွှေးပြီး စားကောင်းနေတာမို့ ဘယ်လိုကြော်ရတယ်ဆိုတာကို မေးပြီး ကြော်ထားတဲ့ ကြက်ကြော် လေးကို မျှဝေပါရစေနော်။ ကြက်ကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား ရင်ပုံသား သို့မဟုတ် ပေါင်သား ၁ ကီလို၊ စပါးလင် ၅ ပင်၊ ချင်း လက်သုံးဆစ်၊ ပဒဲကော လက်သုံးဆစ်၊ နံနံစေ့ အနည်းငယ်၊ နနွင်းတက် (အင်ဒိုနီးရှားမှာတော့ နနွင်းမှုန့်အစား နနွင်းတက်အစိမ်းကိုသုံးပါတယ်နော်) လက်သုံးဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ရှောက်ရွက်၊ ဆားအနည်းငယ်နဲ့ ...


ကော်ကြော်ပူပူမွှေးမွှေးလေး

အားလုံးသောမောင်နှမများမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမထဲက တစ်ယောက်ဖြစ်တဲ့ ညီမလေး နှင်းဟေမာက ဖေ့စ်ဘွတ်ခ်မှာ ကော်ကြော်နည်းလေး မေးထားလို့ ကျန်တဲ့မောင်နှမအားလုံးလည်း အဆင်ပြေတဲ့အခါ လုပ်စားကြည့်လို့ရအောင် မျှဝေလိုက်ရပါတယ်ရှင်။ ကော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်မှုန့် (corn starch)၊ ကြက်အသည်းအမြစ်၊ ပုစွန်၊ ပြည်ကြီးငါး၊ မုန်လာဥနီ၊ နိုကိုဥ၊ ဘဲဥ/ကြက်ဥ၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါ နော်။ ကော်မှုန့်နဲ့ ရေကို ၁ အချိုး ၂.၅ နဲ့ ဖျော်ထားပါ။ ကော်မှုန့်ဖျော်တဲ့အထဲမှာ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်အနည်းတို့ကို ထည့်ပြီး ဖျော်ထားပေးပါနော်။ ကြက်သည်းနဲ့ အမြစ်ကို သန့်စင်အောင်ရေဆေးပြီးတော့ အသည်းသပ်သပ်၊ အမြစ်သပ်သပ် ပါးပါးလှီး ပြီးတော့ ဆား၊ ...


ညိုမွှေးဆိမ့်တဲ့ မန်းကြော်

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ မောင်နှမတို့ရေ့ ဒီနေ့တော့ မောင်နှမတို့ကို မန္တလေးပဲကြော်လုပ်နည်းလေး မျှဝေပါဦးမယ်နော်။ Facebook မှာ ညီမလေး စုမွန် မေးထားတဲ့ မန်းကြော်လေးပါနော်။ ညီမလေးရေ့  မန်းလေးပဲကြော်လုပ်နည်းကတော့ လွယ်ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်း တွေကတော့ red kidney bean လို့ခေါ်တဲ့ ပဲ တစ်ဗူး (အဲ့ဒါကတော့ စည်သွပ်ဗူးလေး၊ စူပါ မားကက်တွေမှာ အလွယ်တကူ ၀ယ်ယူ လို့ရတယ်နော်)၊ ပြီးတော့ ကောက်ညှင်းမှုန့် လက်ဘက် ရည်ပန်းကန်လုံး ၂ လုံး၊ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ဆား၊ မုန့်ဖုတ်ဆိုဒါ၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။ ပြီးရင်တော့ ပဲတွေကို ဗူးထဲကအတိုင်းအကုန်ယူလိုက်ပြီး အရည်တွေနဲ့ရောပြီး ချေပေးထားပါနော်။ မြန်ချင်ရင်တော့ ကြိတ်စက်ထဲသာ ထည့်ကြိတ်လိုက်လို့ရတယ်နော်။ ပြီးရင် ...


ဘာလချောင် ကြော်ကြရအောင်

အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်နည်းလေး မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ မိုက်ကရိုဝေ့ဖ်က 1100 W အားရှိပါ တယ်နော်။ ဘာလချောင်ကြော်ကိုတော့  အုန်းထမင်း၊ ပဲထောပတ်ထမင်း စတာတွေနဲ့ တွဲစားကြသလို နေ့စဉ် အစားအစာစားတဲ့အခါမှာလည်း ဘာဟင်းမှ မရှိရင်လည်း အလွယ်တကူစားလို့ရတယ်နော်။ လုလုတို့ရေဆင်းမှာ ကျောင်းတက်တုန်းက အဆောင်မှာနေတယ်ဆိုရင် ဘာလချောင်ကြော်ကို အိမ်ကနေ အမြဲယူသွားရတယ်နော်။ အဆောင်ကကျွေးတဲ့ ပဲဟင်း၊ သရက်ချဉ်သုပ်၊ အိမ်ကထည့်ပေးလိုက်တဲ့ ဘာလချောင်ကြော်နဲ့စားရတာ နတ်သုဒ္ဓါနဲ့ မလဲနိုင်ခဲ့ပါဘူးနော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်ခြောက် (၂၅) ကျပ်သား၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ကြက်သွန်ဖြူ (၂၅) ကျပ်သား၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ငရုတ်သီးအကြမ်းဖတ် (၁၀) ကျပ်သား၊ သကြားအနည်းငယ်၊ ဆီ၊ ဆားနဲ့ နနွင်းမှုန့် အနည်းငယ်တို့ပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ပါးပါးလေး လှီးပေးထားပါ၊ ပုစွန်ခြောက်လေးတွေကို ...


တိုရှည်လုပ်စားကြရအောင်

် တိုရှည်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံး၊ မတ်ပဲ (black gram or black bean လို့ ခေါ်ပါတယ်နော်) လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်၊ ပဲနံ့သာစေ့ အနည်းငယ်၊ ဆား၊ ဆီ၊ ကြက်ဥတို့ပါနော်။ (တကယ်လို့ ကိုယ်က ဆီအစား ထောပတ်ကိုသုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်နော်။) ဆန်ရယ် မတ်ပဲရယ် ပဲနံ့သာစေ့ရယ်ကို ရေနဲ့သန့်ရှင်းအောင် ဆေးကြောပြီး သုံးနာရီကနေ ငါးနာရီထိ ရေစိမ်ပေးထားပါနော်။ ပြီးရင် ရေတွေကို သွန်ပစ်ပြီး ဆန်နဲ့ ပဲနဲ့ကို မုန့်ကြိတ်ဆံမှာ ကြိတ်ပါ။ ပြည်ပရောက် မောင်နှမများအတွက်ကတော့ (food processor) နဲ့ကြိတ်ပါနော်။ မုန့်ကြိတ်တဲ့အခါ မုန့်သားညက်စေဖို့အတွက် ရေကို နည်းနည်းချင်းထည့်ပြီး ကြိတ်ပေးပါ။ ပြီးတော့ ရလာတဲ့ မုန့်နှစ်တွေကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ရပါမယ်နော်။ ဖျော်ပြီးတဲ့ မုန့်နှစ်ကိုမှ ဆားနည်းနည်းထည့်၊ ...


ချပါတီလား ပူရီလား

ချပါတီလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဂျုံမှုန့် လက်ဖက်ရည် ပန်းကန်လုံး သုံးလုံး၊ ဆီ ဒါမှမဟုတ် ထောပတ် (ဂီး) စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း (ဒိန်ချဉ်မသုံးချင်ရင်တော့ စားဆိုဒါ လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းဖျားလေးယူပြီး ထည့်ပေးပါ)၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးနွေးလေး (လက်အပူခံနိုင်မယ့် အနွေးဓာတ်) လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးတို့ပါနော်။ ဂျုံမှုန့်ရယ်၊ ဆားရယ်၊ ဒိန်ချဉ်တို့ရယ်ကို သမအောင် ရောပြီး ရေကို နည်းနည်းချင်းစီထည့်ပြီး သမအောင် နယ်ပေးပါ။ ဂျုံနယ်တဲ့အခါမှာ ရေမများအောင် သတိထားပြီး ရေကို နည်းနည်းချင်း ဖျန်းဖျန်းပြီး နယ်ပေးပါ။ ဂျုံမှုန့်လုံးလေးတွေလို မြင်နေရမယ်ဆိုရင်တော့ နယ်တာ လိုသေးတယ်၊ ရေနည်းနည်းဖျန်းပြီး အားလုံး သမ အောင် နယ်ပေးပါ။ ...


အာလူးကတ်သလိတ်

လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူး၊ ဆိတ်သား ဒါမှမဟုတ် အသားတစ်မျိုးမျိုး တောက်တောက်စင်း၊ ကြက်သွန်ဖြူ၊နီ၊ချင်း၊ ဇီယာစေ့၊ မာဆလာ၊ တန်ပူရာမှုန့် ၊ ကြက်ဥ၊ ဆီ၊အချိုမှုန့်၊ သကြားအနည်းငယ်၊ ဆား စတာတွေပါ။ စစချင်းမှာ အာလူးတွေကို အိုးထဲထည့်၊ မီးဖိုပေါ်တင်ပြီးနူးအောင်ပြုတ်ပါ။ အာလူးပြုတ်ထားတဲ့ အချိန်မှာ အသားတွေကို မာဆလာ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားပါ။ကြက် သွန်ဖြူနီချင်းတို့ကအခွံနွှာ၊ ကြက်သွန်နီကိုမထူမပါးလေးခပ်သေးသေးလှီး၊ကြက်သွန်ဖြူနဲ့ဂျင်း ကိုထောင်းထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့် လေးခပ်၊ ပြီးတော့ကြက်သွန်ဖြူနီဂျင်းကထည့်၊ ဆီသတ်၊ ပြီးရင်အသားတောက်တောက်စင်းနှပ် ထားတာကို ထည့်ပြီး မွှေ၊ဇီယာစေ့ကိုထည့်၊ပြီးတော့ အသားကိုခြောက်တဲ့အထိမီးနွေးနွေးနဲ့ ဖြေးဖြေးချင်း ဆီသတ်ပေးပါ။ တချို့ကတော့အဲ့ဒီအသားဆီသတ်ထဲမှာ မုန်လာဥနီ၊ ဂေါ်ဖီထုပ် စတာတွေကိုပါးပါးလှီးပြီး ထည့်တတ်ပါတယ်။ အသားဆီသတ်ရပြီဆိုရင်တော့မီးပိတ်ပြီး ဒယ်အိုး ကိုစောင်းပြီး အသားဆီသတ်ကို အအေးခံ၊ဆီစစ်ထားပါ။ ဆီများရင် အာလူးထဲ အဆာသွတ် တဲ့အခါကျရင်ဆီတွေစိမ့်ထွက်လာပြီး အာလူးကတ်သလိတ် ပုံစံပျက်တတ်ပါတယ်။ အာလူးပြုတ်ရပြီဆိုရင်တော့ အာလူးတွေကို အအေးခံပြီးတော့အခွံနွှာပြီးတော့ထောင်းပါ။ ငရုတ်ဆုံအဆင်မပြေဘူး ဆိုရင်တော့ အိုးတစ်ခုထဲ ...


အာလူး ပူတီ၊ ချာပတီ

အာလူး ပူတီ၊ ချာပတီ အာလူးဟင်းအတွက် ပါဝင်သောပစ္စည်းများ ၁။ ကြက်ပေါင် – ၂ခု (တ၀က်ပိုင်းပေးပြီ ဆား၊ ကြက်သားမှုန့်တို့ဖြင့် နုယ်ထားပေးပါ) (Optional) ၂။ အာလူး – ၇ လုံး (အတုံးသေးများ တုံးပါ) ၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်း) ၄။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်ဆင်း) ၅။ ကလဝေရွက် -၂ ရွက် ၆။ သစ်ဂျပိုး – ၂ခု ၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က် ၈။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ ၉။ မုန့်ညှင်းစေ့ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၁၀။ ဇီယာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၁၁။ ဆား၊ ကြက်သားမှုန့် အာလူးဟင်း ချက်ပြုတ်နည်း ၁။ ဒယ်ထဲ ဆီထည့်ပါ၊ ကြက်သွန်ဖြူ၊ နီကို ...


အခေါ်အဝေါ်

၁။ Basil leaf - ပင်စိမ်းရွက် ၂။ Basil seed - ပင်စိမ်းစေ့ (ပင်ပွားစေ့လို့လည်း ခေါ်ကြပါတယ်) ၃။ Bay laurel leaf = ကရဝေးရွက် (Indian bay leaf လို့ ခေါ်ပါတယ်) ၄။ Black Cumin - ဇီယာစေ့ (အနက်) ပုံမှန်ထက် အစေ့အရွယ်အစား ပိုသေးတယ်လို့ ဆိုပါတယ်။ ၅။ Black Pepper – ငရုတ်ကောင်းစေ့ (အနက်) ၆။ Caraway seed - ကရဝေးစေ့ ၇။ Cardamon seed - ဖာလာစေ့ ၈။ Celery - တရုတ်နံနံ ၉။ Cinnamon - သစ်ဂျပိုး ၁၀။ Clove - လေးညှင်းပွင့် ၁၁။ Coriander Leaf = ...


အာလူးကတ်သလိတ်

လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူး၊ ဆိတ်သား ဒါမှမဟုတ် အသားတစ်မျိုးမျိုး တောက်တောက်စင်း၊ ကြက်သွန်ဖြူ၊နီ၊ချင်း၊ ဇီယာစေ့၊ မာဆလာ၊ တန်ပူရာမှုန့် ၊ ကြက်ဥ၊ ဆီ၊အချိုမှုန့်၊ သကြားအနည်းငယ်၊ ဆား စတာတွေပါ။ စစချင်းမှာ အာလူးတွေကို အိုးထဲထည့်၊ မီးဖိုပေါ်တင်ပြီးနူးအောင်ပြုတ်ပါ။ အာလူးပြုတ်ထားတဲ့ အချိန်မှာ အသားတွေကို မာဆလာ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားပါ။ကြက် သွန်ဖြူနီချင်းတို့ကအခွံနွှာ၊ ကြက်သွန်နီကိုမထူမပါးလေးခပ်သေးသေးလှီး၊ကြက်သွန်ဖြူနဲ့ဂျင်း ကိုထောင်းထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့် လေးခပ်၊ ပြီးတော့ကြက်သွန်ဖြူနီဂျင်းကထည့်၊ ဆီသတ်၊ ပြီးရင်အသားတောက်တောက်စင်းနှပ် ထားတာကို ထည့်ပြီး မွှေ၊ဇီယာစေ့ကိုထည့်၊ပြီးတော့ အသားကိုခြောက်တဲ့အထိမီးနွေးနွေးနဲ့ ဖြေးဖြေးချင်း ဆီသတ်ပေးပါ။ တချို့ကတော့အဲ့ဒီအသားဆီသတ်ထဲမှာ မုန်လာဥနီ၊ ဂေါ်ဖီထုပ် စတာတွေကိုပါးပါးလှီးပြီး ထည့်တတ်ပါတယ်။ အသားဆီသတ်ရပြီဆိုရင်တော့မီးပိတ်ပြီး ဒယ်အိုး ကိုစောင်းပြီး အသားဆီသတ်ကို အအေးခံ၊ဆီစစ်ထားပါ။ ဆီများရင် အာလူးထဲ အဆာသွတ် တဲ့အခါကျရင်ဆီတွေစိမ့်ထွက်လာပြီး အာလူးကတ်သလိတ် ပုံစံပျက်တတ်ပါတယ်။ အာလူးပြုတ်ရပြီဆိုရင်တော့ အာလူးတွေကို အအေးခံပြီးတော့အခွံနွှာပြီးတော့ထောင်းပါ။ ငရုတ်ဆုံအဆင်မပြေဘူး ဆိုရင်တော့ အိုးတစ်ခုထဲ ...


ဆိတ်ရိုးစွပ်ပြုတ်

ဆိတ်ရိုးရယ်၊ ဂျင်းရယ်၊ ကြက်သွန်နီ လေးခြမ်းစိတ်တွေရယ်၊ ကြက်သွန်ဖြူ လုံးခွဲထောင်းရယ်၊ စပါးလင်ရယ်၊ ဆားရယ်၊ အချိုရယ် အရင်ဆုံး လုံးလိုက်ပါတယ်။ ဆိတ်ရိုးစွပ် အတွက်လိုအပ်သောအရာ ဆိတ်ရိုး ၁ ကီလို အာလူး ကီလိုဝက် (အာလူးကို မထည့်လဲ ရပါတယ်နော်) ကြက်သွန်နီ ကြီးကြီး ၆ လုံး (လေးခြမ်းစိတ်ထားပါ) ကြက်သွန်ဖြူ ၁ ဥ (လုံးခွဲထောင်းထားပါ) ဂျင်း လက် နှစ်ဆစ်စီ ၃ တက် (အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ) စပါးလင် ၂ ချောင်း (အပေါ်အခွံခွာပြီး ကျည်ပွေ့နဲ့ထုထားပါ) ဆိတ်ရိုး စွပ်ပြုတ်ချက်ပုံ ဆိတ်ရိုးကို ရေ စင်စင်ဆေးလိုက်ပါတယ်။ ပြီး ဇလုံထဲထည့် သံပရာသီး တစ်လုံးကို အရည်ညစ်၊ ဆားထည့်ပြီး နာရီဝက်လောက် နယ်နပ်ထားလိုက်ပါတယ်။ သံပရာသီးညစ်ရတာက အနံ မနံအောင်လို့ပါ။ ဆိတ်ရိုးကို နယ်နပ်ထားတဲ့အချိန် အာလူးကို အခွံခွာ ၂ ခြမ်းခြမ်းပြီး ...