ပါဝင်ပစ္စည်း
ငါးရှဥ့်အကောင် - ၄၀ ကျပ်သား
ငှက်ပျောဖူး - တစ်ဖူး
ပြုလုပ်ပုံအဆင့်ဆင့်
ငါးရှဥ့်အကောင်လိုက်ကို မန်ကျည်းအနှစ်နဲ့ သေချာဆေးကြောသန့်စင်ပြီးတော့ ခေါင်းဖြတ်၊ ဗိုက်ခွဲဆေးကြောပြီး ဆားနဲ့ နနွင်းအနည်းငယ် ထည့်နယ်ပြီး ပြုတ်ထား လိုက်ပါ။ ငါးရှဥ့်နူးတဲ့အထိ ရေခန်းအောင် ပြုတ်ပေးပြီး၊ အေးသွားတဲ့အခါ အလယ်အရိုးကို ထုတ်ပစ်လိုက်ကာ အသားတွေချည်း ထွင်လိုက်ရပါမယ်။ ငှက်ပျောဖူးကိုလည်း အပြင်သားတွေခွာချပြီး အတွင်းပိုင်း အနုသား ရောက်မှ အလယ်ကနေ ထက်ခြမ်းခွဲ၊ ခပ်ရိတ်ရိတ်လေးလှီးပါမယ်။ လှီးပြီးသား ငှက်ပျောဖူးကို ရေစိမ်ထားပါ။
ကြက်သွန်ဖြူနီနဲ့ ဆီအရင်သတ်ပါမယ်။ ဆီသတ်ရာမှာ စပ်စပ်လေးစာချင်သူတွေက ငရုတ်သီးခွဲခြမ်းထည့်ပြီး သတ်လို့ရပါတယ်။ ဆီသတ်တဲ့အထဲကို ငံပြာရည်အနည်းငယ် ထည့်ပေးပြီး မွှေပြီးတာနဲ့ ပြုတ်ထားတဲ့ ငါးရှဥ့်ကို ထည့်ပါမယ်။ ငါးရှဥ့်ကို ငါးဘတ်မွှေ ချက်သလိုပါပဲ ကြေသွားအောင် မွှေပေးပါ။ ငါးရှဥ့်အသားဖတ်လေးတွေ ကြေသွားပြီး [...]