အားလုံးသောမောင်နှမများမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမထဲက တစ်ယောက်ဖြစ်တဲ့ ညီမလေး နှင်းဟေမာက ဖေ့စ်ဘွတ်ခ်မှာ ကော်ကြော်နည်းလေး မေးထားလို့ ကျန်တဲ့မောင်နှမအားလုံးလည်း အဆင်ပြေတဲ့အခါ လုပ်စားကြည့်လို့ရအောင် မျှဝေလိုက်ရပါတယ်ရှင်။
ကော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်မှုန့် (corn starch)၊ ကြက်အသည်းအမြစ်၊ ပုစွန်၊ ပြည်ကြီးငါး၊ မုန်လာဥနီ၊ နိုကိုဥ၊ ဘဲဥ/ကြက်ဥ၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါ နော်။
ကော်မှုန့်နဲ့ ရေကို ၁ အချိုး ၂.၅ နဲ့ ဖျော်ထားပါ။ ကော်မှုန့်ဖျော်တဲ့အထဲမှာ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်အနည်းတို့ကို ထည့်ပြီး ဖျော်ထားပေးပါနော်။ ကြက်သည်းနဲ့ အမြစ်ကို သန့်စင်အောင်ရေဆေးပြီးတော့ အသည်းသပ်သပ်၊ အမြစ်သပ်သပ် ပါးပါးလှီး ပြီးတော့ ဆား၊ [...]