ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။
ပဲပြုတ်ကို လွမ်းတဲ့ နိုင်ငံခြား ရောက်မြန်မာတွေ အလွယ်တကူ
လုပ်စားနိုင်အောင် ထိုချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းကို
ဝတ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက ရရှိတာပါ။ ချက်နည်းလေးကို
ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ စားတော်ပဲ (Gargen Pea) – ၂၀၀ ဂရမ် (Martket၊ အိန္ဒိယ ကုန်စုံဆိုင်
များမှာ ၀ယ်ယူနိုင်ပါသည်။)
မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက Yellow bea ကို အစားထိုးဝယ်ယူနိုင်ပါသည်။
၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်
၃။ ထန်းညက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီ ရေများများထည့်၍ ရေ၀အောင်
၂၄နာရီ ရေစိမ်ထားပေးပါ။
၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကို
အပေါက်ပါသော ဇကာဗန်းထဲ ထည့်ပြီ [...]