အခြေခံလူတန်းစားများအတွက် တစ်လ ၅၀၀၀၀ သွင်းပြီး တိုက်ခန်းရနိုင်ရန် စီစဉ်နေ

တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရောင်းချရေးအတွက် ယခုအခါ သက်ဆိုင်ရာသို့ မြေနေရာတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အများပြည်သူအား တရားဝင် အသိပေးကာ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ “တန်ဖိုးနည်း တိုက်ခန်းနှင့် ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ ရောင်းခွင့်ပေးမယ်ဆိုတာ မသိသေးပါဘူး။ သေချာတာက ရောင်းခွင့်ကျပြီဆိုတာနဲ့ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာမယ်” ဟု အရောင်းတာဝန်ခံက ပြောပြခဲ့သည်။ ယခုဆောက်လုပ်ရန် လျာထားသော တန်ဖိုးနည်း တိုက်ခန်းများမှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀ ပေးသွင်းရုံဖြင့် တိုက်ခန်းရရှိနိုင်မည်ဖြစ်သည်။ တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေပမာဏမှာ ကျပ် ၃၄ သိန်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူမှ ကနဦးငွေကျပ် ၄ သိန်း ပေးသွင်းကာ ကျန်သိန်း ၃၀ အတွက် ...


ဂျပန်နိုင်ငံဘက်မှ အကူအညီပေးရန် ဆွေးနွေးမှုများပြုလုပ်ခဲ့

မြန်မာနိုင်ငံ၏ မုန်တိုင်းနှင့်ပတ်သက်၍ ပိုမိုတိတိကျကျ ခန့်မှန်းနိုင်မှု နည်းပညာများ၊ မြစ်ကြောင်းထိန်းသိမ်းမှုနည်းပညာပိုင်းနှင့် ရန်ကုန်လေဆိပ်အား ယခုထက်ပိုမိုတိုးချဲ့အဆင့်မြှင့်ရေးတို့အား ဂျပန်နိုင်ငံဘက်မှ အကူအညီပေးရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။   ဂျပန်နိုင်ငံ အထက်လွှတ်တော်မတ်တစ်ဦးဖြစ်သူ Mr.  Koizumi Toshiaki က  မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်အား ဇန်ဝါရီလ ၁၁ ရက် နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနရုံးတွင် လာရောက်တွေ့ဆုံစဉ် ယခု ကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ''အဲဒီလိုတွေ့ဆုံတဲ့နေရာမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့ကိစ္စတွေကို ဆွေးနွေးဖြစ်တဲ့အခါ ၀န်ကြီးဘက်က တောင်းဆိုချက်သုံးခုရှိပါတယ်။ ပထမအချက်က  မုန်တိုင်းနဲ့ပတ်သက်လို့ ပိုမိုတိတိကျကျ ခန့်မှန်းနိုင်ပြီး ကြိုတင်ပြောင်းရွှေ့ရေး နည်းပညာအပိုင်းတွေကို အကူအညီပေးဖို့ပါပဲ။ ဒုတိယအချက်ကတော့ မြစ်ရေကြီးတာကို ထိန်းသိမ်းဖို့ နည်းပညာ လိုအပ်ချက်ပါ။ တတိယအချက်ကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြည်တွင်းပြည်ပ နှစ်နေရာကွဲနေတာကို ...


“ငွေလဲနှုန်းကို တစ်မျိုးတည်းအဖြစ် ၂၀၁၂ ခုနှစ်အတွင်း ပေါင်းစည်းသွားမည်”

မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းကို နှုန်းထား တစ်မျိုးတည်း အဖြစ် ယခုနှစ် အတွင်း ပေါင်းစည်း သွားမည်ဖြစ်ပြီး ငွေလဲနှုန်းကိုနှုန်းရှင်အဖြစ် ထားရှိရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။ မြန်မာနိုင်ငံ၏ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေးကိစ္စနှင့် ငွေလဲနှုန်းထား ပြောင်းလဲရန်ကိစ္စများ ကို ကူညီဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ပညာရှင်များ ရောက်ရှိလျက်ရှိ ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် လာရောက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးမြင့်က “ငွေလဲနှုန်းကိစ္စ ဆွေးနွေးနေတယ်။  ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းရေး ကိစ္စအရင်လုပ်နေတယ်။ ပေါင်းစည်းတာကတော့ ဒီနှစ်ထဲဖြစ်နိုင်ပါတယ်။ ငွေလဲနှုန်းပြုပြင် ပြောင်းလဲဖို့ကတော့ အချိန်နည်းနည်းယူရမယ်။ ဥပဒေ ပိုင်းရော ...


မ.ထ.သကို ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ) ကို ကုမ္ပဏီအဖြစ် ပြောင်းလဲရန် အတွက် ရန်ကုန်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အသင်းအမည်ဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မ.ထ.သ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မ.ထ.သ ကို ရန်ကုန်သယ်ယူပို့ဆောင်ရေး အသင်းအဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် တင်ပြထားကြောင်း၊ ကုမ္ပဏီ အဖြစ် ပြောင်းလဲသော်လည်း ဝန်ထမ်းများ၏ လစာများကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများကိုလည်း ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများကိုလည်း ရွေးချယ်၍ ပြောင်းလဲတင်မြှောက်ကြမည်ဖြစ်ကြောင်း၊ ကုမ္ပဏီဖြစ်သော်လည်း ရှယ်ယာရှင်များ ဖိတ်ခေါ်မည်မဟုတ်ကြောင်း၊ ခရီးသွားပြည်သူများ ကောင်းကျိုးကိုသာ လိုလားသည့် အသင်းဝင်များသာ လိုအပ်ကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် ယခင်ပုံစံအတိုင်း ယာဉ်လိုင်းများမှ ၂ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သော်လည်း အမြတ်မယူဘဲ ခရီးသည်များအတွက် မှတ်တိုင်များ၊ ခရီးသည်နားနေဆောင်များကို ...


“အမေရိကန် ဒေါ်လာ ၁၀၀၀၀ နှင့် အထက်ရှိသူများ အားကားသစ်များ တင်သွင်းခွင့်ပြုသွားမည်”

  ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ နိုင်ငံတော်သို့ ဝင်ငွေခွန်ဆောင်ပြီး မိမိဘဏ်စာရင်းတွင် အမေရိကန် ဒေါ်လာ ၁၀၀၀၀ နှင့် အထက်ရှိသူများ အားကားသစ်များ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ် အေဂျင်စီအလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်သော အလုပ်သမားများအား ၂၀၀၇ မှ ၂၀၁၂ မိုဒယ်အတွင်းရှိ လူစီးယာဉ်များကို တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အဆိုပါ တင်လျှောက်မှုတွင် စာရွက်စာတမ်းပြည့်စုံသည့် လျှောက်လွှာ ၃၀၀၀ မှ ၅၀၀၀ အထိကို စတင်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “တင်သွင်းခွင့်ပြုရင် လူစီးကားပဲ တင်သွင်းရမယ်။ တင်သွင်းခွင့်ပြုတဲ့ ဒီလျှောက်လွှာတွေကို ဒီရုံးမှာပဲ လက်ခံမယ်။ အလုပ်သမား ကိုယ်တိုင် လျှောက်လွှာဖြည့်ပြီးတော့ပြန်ပို့ပေးရမယ်။ ပြည်ပမှာ ရောက်နေရင် လက်ဗွေတွေ လက်မှတ်တွေကို ဖက်စ်ပို့လို့ရတယ်။ ဟိုမှာလုပ်ထားတဲ့ အထောက်အထားတွေကို တင်ပြရမယ်။ မြန်မာနိုင်ငံဘဏ်မှာ ...


“မြန်မာ့လက်မှုထည်များအတွက် သတင်းကောင်း”

အာဆီယံ-ဂျပန်စင်တာ (AJC) မှ ကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ လုပ်ငန်းရှင်များအား စွမ်းအားစုမြှင့်တင်ပေးသည့် အစီအစဉ် တစ်ရပ်အနေဖြင့် AJC နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၄ ရက်တွင် မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ ဂျပန်နိုင်ငံသို့ ဈေးကွက်ဝင်ရောက်ရေး အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ CLMV နိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များနှင့်ကုန်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းအရည်အသွေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်စေရန်၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် INACRAFT 2012 ပြပွဲသို့ ပါဝင်ပြသမည့်သူများရွေးချယ်ရာတွင် အကြံပြုရန်နှင့် ဒီဇိုင်း၊ ကုန်ပစ္စည်းအရည်အသွေး များတိုးတက်ကောင်းမွန်၍ ဂျပန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန်တို့ဖြစ်သည်။ ...


“ပေါ်ထွန်းလာတော့မည့် မြန်မာ-အိန္ဒိယ ကုန်သွယ်လမ်းကြောင်းသစ်”

ရခိုင်ပြည်နယ်၏ စီးပွားကုန် သွယ်မှု၊ ကုန်သွယ်စီးပွားလမ်းကြောင်းကို ပြောရလျှင် အရှေ့၊ အနောက်၊ တောင်ဘက်တံခါး ပေါက်များမှ ကုန်သွယ်မှုကိုသာ ပြော လေ့ရှိကြသည်။ သို့ရာတွင် မြောက်ဘက် တံခါးပေါက် အကြောင်းကို ပြောသူ နည်းသေးသည်။ တချို့မှာ သတိပင်မထားမိကြ။ သတင်းသမားများက တစ်ခါတစ်လေ မြောက်ဘက် တံခါးပေါက် ကုန်သွယ်မှုအကြောင်း ကို သတင်းအတိုအစ များဖြင့် မီးမောင်းထိုးပြခဲ့ဖူးသည်။ တကယ်တော့ ရခိုင်ပြည်နယ်၏ မြောက်ဘက် တံခါးမှာ ပွင့်နေသော တံခါးတစ် ချပ်ဖြစ်သည်။ တစ်ပိုင်တစ်နိုင် ကုန်သွယ်သူတို့၏ ကုန်သွယ်လှုပ်ရှား နေရာ၊ လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မြောက်ဘက်မှ ပွင့်နေသော တံခါးမှ မကြာမြင့်မီကာလအတွင်း ပွင့်လင်းမြင်သာသော စီးပွားကုန်သွယ်မှု လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာတော့မည်မှာ သေချာသည်။ မကြာမြင့်မီဆိုသည်မှာ သိပ်မဝေးတော့။ ၂ဝ၁၃ ခုကာလနောက်ပိုင်း ...


“ကမ္ဘာပတ်ကာ အမြစ်တွယ်လာတဲ့ တရုတ်ပြည်ပ ရင်းနှီးမြုပ်နှံမှု “

တရုတ်ပြည် စီးပွားရေး တိုးတက်လာတာနဲ့ ပတ်သက်ပြီး လူအများ ရည်ညွှန်းပြောဆိုတတ်ကြတဲ့ သြဝါဒ ဆောင်ပုဒ်လေး တစ်ခုရှိပါ တယ်။ ဒါကတော့ တရုတ်ပြည်ရဲ့ မဟာခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ Deng Xiaoping က မြွက်ကြားခဲ့တာပါ။ ကြောင်တစ်ကောင်ဟာ ကြွက်တွေဖမ်းနိုင်ဖို့ပဲ အရေးကြီးတယ်။ ကြောင်ဟာ မည်းသလား၊ ဖြူသလားဆိုတာက အရေးမပါဘူးတဲ့။ တိန့်ရှောက်ဖိန်ရဲ့ ဆိုလိုရင်း အချက်ကတော့ တိုင်းပြည်စီးပွား တိုးတက်ဖို့ပဲ အရေးကြီးတယ်။ ဆိုရှယ် လစ်လမ်းစဉ်လား၊ ဈေးကွက်စီးပွား ရေးစနစ်လား ဆန်းစစ်ဝေဖန် သတ္တုချ မနေနဲ့တော့တဲ့။ အခုတော့ မဟာ ခေါင်းဆောင်ကြီးရဲ့ သြဝါဒအတိုင်း လုပ်ဆောင်လိုက်တာ တရုတ်ပြည် ကြီး နှစ် ၃ဝ အတွင်းမှာ တကယ် ပဲ ချမ်းသြာ


သတ်မှတ်ချက်နှင့် ကိုက်ညီပါက အမြန်ဆုံး ဖွင့်လှစ်ခွင့်ပြုပေးမည်

ယာဉ်ပိုယာဉ်ဟောင်း အပ်နှံသူများအတွက် ကားအရောင်းစင်တာ ကိုးခု အထိ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်သော်လည်း ထပ်မံလျှောက်ထားလာသည့် ကုမ္ပဏီများကို သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ထပ်မံခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရသိရသည်။ ကားအရောင်းစင်တာ ဖွင့်လှစ်လိုသည့်ကုမ္ပဏီ များသည် သတ်မှတ်ချက် ငါးချက်နှင့်အညီ ကိုက်ညီရမည်ဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်များမှာ ဘဏ်တွင် LC ဖွင့်ပေးခြင်း၊ အကျိုးဆောင် Services ကုမ္ပဏီဖြစ်ခြင်း၊ စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း၊ သတ်မှတ် အရောင်းစင်တာနေရာရှိခြင်း၊ ဘဏ်စာရင်းတွင် ပြည်ပပို့ကုန်ရငွေအပေါ် အကျိုး ခံစားခွင့် ဒေါ်လာ Export Earning တစ်သိန်းနှင့်အထက်ရှိနေခြင်း စသည်တို့ ဖြစ်သည်။ အဆိုပါ ဖွင့်လှစ်ခွင့်ရ အရောင်းစင်တာများအနေနှင့် တစ်ကြိမ်တင် သွင်းလျှင် ကားအစီး ၅ဝ အနည်းဆုံး တင်သွင်းကြရမည်ဖြစ်ပြီး ယာဉ်အို ယာဉ်ဟောင်း လဲလှယ်အပ်နှံ၍ ...


မ်ာတော်ယာဉ် တင်သွင်းခွင့် ကိစ္စရပ်များ ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်

မော်တော်ယာဉ်တင်သွင်းခွင့် ကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်း လိုပါက ပိတ်ရက်မရှိ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။ ''မော်တော်ယာဉ် တင်သွင်းခွင့်နဲ့ပတ်သက်ပြီး မေးတဲ့သူ များပါတယ်။ ကျွန်တော် တို့ဌာနမှာ မော်တော်ယာဉ် တင်သွင်းခွင့်နဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ဖို့ တယ်လီဖုန်း ငါးလုံးထားပေးထားပါတယ်။ ကျွန်တော် တို့ရဲ့ ဖုန်း ဝ၆၇-၄ဝ၈ဝဝ၂ ကို ဆက်သွယ်စုံစမ်းမေးတဲ့ သူကတော့ တစ်ရက်ကို ၂ဝ ဦးကျော်ကျော်ရှိပါတယ်။ အဓိက မေးကြတာကတော့ သင်္ဘောသားတွေ ကားတင်သွင်းခွင့်ကိစ္စ၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေကား တင်သွင်းခွင့် ကိစ္စနဲ့ NGO တွေကားတင်သွင်းခွင့်ကိစ္စတွေနဲ့ပတ်သက်ပြီး မေးကြတာများ ပါတယ်။ တချို့ကတော့ ကညနနဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနကို မေးရမယ့် မေးခွန်းတွေကိုမေးကြပါတယ်။ အဲဒီလိုမေးတဲ့ သူတွေကိုတော့ သက်ဆိုင်ရာ ဌာနတွေကို ...


ကုန်သွယ်မှုတက္ကသိုလ် ဖွင့်တော့မည်

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုတက္ကသိုလ် (Trade Institute) ကြီးတစ်ခုကိုဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ၁၂ ရက်က WTO အစည်းအဝေးကို တက်ဖြစ်တယ်။ နောက် စီးပွားကူးသန်းဝန်ကြီး တာဝန်ယူရတဲ့ အချိန်မှာTrade နဲ့ ပတ်သက်လို့ Institute တစ်ခုထူထောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကိုလဲ ကုန်သည်စက်မှု အသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဆွေးနွေးနေပါ တယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ ယင်းက ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်းများ ဆိုင်ရာ ဝန်ဆောင်သူများအသင်း၏ (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အရေးပါသော Educational Sectors များ သီးသန့်မရှိသေးဘဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် တက္ကသိုလ်များ ...


အိတ်စ်ပို့ အင်ပို့ဘဏ် ထူထောင်မည်

ပို့ကုန်သွင်းကုန်လုပ်ငန်း အထူးပြုသည့် အိတ်စ်ပို့အင်ပို့ဘဏ် ထူထောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် လုပ်သာကိုင်သာ ရှိစေရန်အတွက် ယင်းဘဏ်ကို ထူထောင်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ ဘဏ်လုပ်ငန်း ပညာရှင် ဦးသန်းလွင်က “ပို့ကုန်သွင်းကုန် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သီးသန့်ဘဏ်တစ်ခု ဖြစ်သင့်တာက ကြာပါပြီ။ ကုန်သွယ်မှု လုပ်ငန်းတွေက် အဆင့်မြှင့်တင်ဖို့အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းကို အားပေးရမယ်။ အိမ်နီချင်း နိုင်ငံတွေမှာလည်း အိတ်စ်ပို့အင်ပို့ဘဏ်တွေ ရှိတယ်” ဟု ပြောသည်။ အိတ်စ်ပို့အင်ပို့ဘဏ်များ အနေဖြင့် ပို့ကုန်သွင်းကုန် ...


အော်တိုကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် ငါးရစ်ခွဲ၍ ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုတယ်လီဖုန်း ကြိုးဖုန်းများကို ၂.၁.၂၀၁၂ နေ့မှ စတင်ကာ ငါးရစ်ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကနဦးတပ်ဆင်ခ ခြောက်သိန်းခွဲဖြင့် ငှားရမ်းသုံးစွဲခွင့် ပြုပေးမည်ဖြစ်ပြီး ပထမအရစ် ငွေပေးသွင်းပြီး ၃ ရက်အတွင်း တယ်လီဖုန်းများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။ ငှားရမ်းတပ်ဆင် သုံးစွဲခွင့်ပြုမည့် အစီအစဉ်မှာ ပထမအရစ်အတွက် ကျပ် သုံးသိန်းကို စာချုပ်ချုပ်ဆိုမည့်နေ့တွင် လည်းကောင်း၊ ဒုတိယအရစ်အတွက် ကျပ် တစ်သိန်းကို စာချုပ်ချုပ်ဆို၍ ၂ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင် လည်းကောင်း ပေးဆောင်ရမည်ဖြစ်သည်။ တတိယအရစ်အတွက် ကျပ် ၁ သိန်းကို စာချုပ်ချုပ်ဆို၍ ၄ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း၊ စတုတ္ထအရစ်အတွက် ကျပ် ၁ သိန်းကို စာချုပ်ချုပ်ဆို၍ ...


၂၀၁၂ ခုနှစ်အတွင်းအများပြည်သူအား အစုရှယ်ယာ ထုတ်ရောင်းမည်

"၂၀၁၂ ခုနှစ်အတွင်းအများပြည်သူအား အစုရှယ်ယာ ထုတ်ရောင်းမည်" ၂၀၁၂ ခုနှစ် အတွင်း အရင်းအနှီးဈေးကွက် ဖော်ဆောင်ရေးဒုတိယအဆင့် စီမံချက်အရ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူကို အစုရှယ်ယာများ ထုတ်ရောင်း မည်ဖြစ်ပြီး မြို့တော်စည်ပင်သာယာရေးအဖွဲ့များက ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။   "၂၀၁၂အတွင်းမှာ ငွေချေးသက်သေခံ လက်မှတ်လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေအတည်ပြု ပြဋ္ဌာန်းဖို့ရှိတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတချို့ကို ရွေးချယ်ပြီး အစုရှယ်ယာတွေ ထုတ်ရောင်းမယ်။ မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်းတွေကလည်း ငွေချေးစာချုပ်ထုတ်ဝေရောင်းချသွားဖို့ ရှိပါတယ်။၂၀၁၂အထိက ဒုတိယအဆင့် စီမံချက်ထဲမှာပါဝင်နေတယ်။ စီမံချက်အတိုင်းဝင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ မှာ စတော့အိပ်ချိန်းတည်ထောင်ပြီး အာဆီယံအရင်းအနှီး ဈေးကွက်ဆိုင်ရာဖိုရမ်က သတ်မှတ်ထားတဲ့အချိန် ကန့်သတ်ချက် အတိုင်း တစ်ခု၂၀၁၂ ခုနှစ်အတွင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူအား အစုရှယ်ယာထုတ်ရောင်းမည်ဖြစ်ပြီး မြို့တော်စည်ပင်သာယာရေးအဖွဲ့များက ငွေချေးစာချုပ် ထုတ်ဝေရောင်းချမည်တည်းသော အာဆီယံအရင်းအနှီးဈေးကွက်မှာ ၀င်ချိတ်ဆက်သွားရမှာပါ။ လုပ်ဆောင်ရမယ့်အရာတွေကို ...


နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုရန်စီစဉ်နေ

ဇန်န၀ါရီ(၃) ရက်နေ့တွင် နိုင်ငံတော်သမ္မတက လွှတ်ငြိမ်းချမ်းသာခွင့်ပေး မည့် သတင်းများထွက်ပေါ်နေပြီး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူများ ၏မိသားစုများနှင့်မိတ်ဆွေများက ကြိုဆိုကြရန်စီစဉ်လျက်ရှိကြောင်း သိရပါသည်။ “ဇန်န၀ါရီ(၃)နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ထက်ပေးမယ်ဆိုတဲ့သတင်းကိုအခိုင်အမာရထားတယ်၊ ဘယ်သူတွေစီကရတာလဲဆိုတာတော့ ထုတ်ဖေါ်ပြောဆိုလို့မရဘူးဖြစ်နေတယ်၊ ကျွန်တော်သူငယ်ချင်းတွေကြိုဆိုဖို့စီစဉ်နေပြီ၊ သွားရလာရခက်တဲ့နယ်တွေဆိုရင်တော့ ကြိုပြီးသွားစောင့်ဖို့စီစဉ်သတ်မှတ်ထားပြီးပါပြီး၊ မိသားစုတွေနဲ့အတူကြိုဖို့လူတွေ လွယ်ကူစေရန် ခွဲဝေသတ်မှတ်ထားပါတယ် “ဟု (၈၈)မျိုးဆက်ကျောင်းသားအဖွဲ့ဝင် စမ်းချောင်းကိုကိုကြီးကပြောဆိုသည်။ အကျဉ်းထောင်ဦးစီးဌာနသို့ဆက်သွယ်မေးမြန်းစုံစမ်းရာ အကျဉ်းဦးစီးဌာန(အင်းစိန်)မှတာဝန်ရှိသူတစ်ဦးက”ကျွန်တော်တို့ကိုအကျဉ်းသားစာရင်းပြုစုခိုင်း မကြာခဏဆိုသလိုရှိပါတယ်။အခုလဲစာရင်းပြုစုနေတာပါ၊” ဟုပြန်လည်ဖြေကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၁ မေလ ၁၇ရက်နေ့က မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် အပြစ်ဒဏ်ကျခံနေရသူများအား အပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး သေဒဏ်ချမှတ်ခံရသူများအား ထောင်ဒဏ်တစ်သက်သို့လျှော့ပေါ့ပေးခဲ့သည်။ ယင်းနောက် အောက်တိုဘာ(၁၁)ရက်နေ့အမိန့် ၄၉/၂၀၁၁ ဖြင့်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိအကျဉ်းသားဦးရေ (၆၃၅၉) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်ဟု true news ဂျာနယ်  မှာဖော်ပြထားပါသည်။


တာမွေတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

ငွေစက္ကူအတု ဈေးရောင်း ဈေးဝယ်အထူးစည်ကားသော တာမွေမြို့နယ်တွင် ငွေစက္ကူအတု တစ်ထောင်ကျပ် တန်အရွက်သေး ၁၇ ရွက်ကို ခရစ္စမတ်နေ့ နေ့လယ်ပိုင်းက ဘိုးလိမ်းအောင်မင်္ဂလာရပ်ကွက်၊ ဗညားဒလလမ်း၊ အမှတ် ၂၈၆ မြေညီထပ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၌ ခေါက်ဆွဲကြော် ၀ယ်ယူနေသူ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထံမှ ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း တာမွေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိရဲအ ရာရှိတစ်ဦးက The Voice Weekly သို့ပြောကြားသည်။ ယင်းစားသောက်ဆိုင်ရှင်သည် ၄င်း၏ဆိုင်တွင် လာရောက်စားသုံးသူတစ်ဦးထံမှ တစ်ထောင် ကျပ်တန်များကို ငွေစက္ကူ အတုဟုယူဆ၍ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ ငွေစက္ကူ အတု တစ်ထောင်တန်အရွက်သေး ၁၇ ရွက်၊ ငွေစက္ကူအစ်အရွက်သေး ၁၀ ရွက်၊ ငါးရာတန်အရွက်ကြီးတစ် ရွက်နှင့် ငွေနှစ်ရာကျပ်တန်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ၄င်းကအတည်ပြုပြောကြားသည်။ ငွေစက္ကူအတုကို ခွဲခြားရာတွင် ...


ဒလနှင့် သန်လျင် အိမ်၊ ခြံ၊ မြေဈေး ရုတ်တရက်ပြန်ကျ

စက်မှုဇုန်စီမံကိန်းများကြောင့် တစ်ဟုန်ထိုးမြင့်တက်ခဲ့သော ဒလနှင့် သန်လျင်မြို့နယ်တို့ရှိ အိမ်၊ ခြံ၊ မြေဈေးများသည် မြေလွတ်များပြန်သိမ်းမည်ဆိုသည့် သတင်းကြောင့် တစ်ပတ်အတွင်း ရုတ်တရက် ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အိမ်၊ ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိ ရသည်။ အဆိုပါဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်အေးသွားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး စက်မှုဇုန်များရှိ အလုပ်မလုပ်သည့် မြေလွတ်များကို သိမ်းမည်ဆိုသည့် သတင်းများကြောင့် စက်မှုဇုန်မြေဈေး ကွက်မှာ အေးသွားခဲ့ရာမှ ဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း တာဝန်ရှိသူ ဦးဝင်းမောင်က ပြောကြားသည်။ " ပြန်အေးသွားတယ်။ သန်လျင်က ဈေးလျှော့ရောင်းတာတွေတောင် ရှိလာတယ်" ဟု ဦးဝင်း မောင်က ဆိုသည်။ အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းက ၅၀ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်ခဲ့သော ဒလနှင့် သန် လျင်အိမ်၊ ခြံ၊ မြေပေါက်ဈေးသည် ...


အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်

နိုင်ငံတော် အစိုးရကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လက်ရှိထုတ်ဝေရောင်းချနေသော သုံးနှစ်နှင့် ငါးနှစ် အစိုးရငွေတိုက်စာချုပ်များအပြင် နှစ်နှစ်သက်တမ်းရှိ အစိုးရငွေ တိုက်စာချုပ်များကို ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ ထပ်မံတိုးချဲ့ ထုတ်ဝေရောင်းချခဲ့ရာ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ လွတ်လပ်စွာ ဝယ်ယူနိုင်သည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဘဏ်များ၏ အပ်ငွေ အပေါ်ပေးသည့် အတိုးနှုန်းနှင့် ဘဏ်များကချေးငွေ အပေါ် ကောက်ခံသည့် အတိုးနှုန်းများကိုလည်း အသီးသီး လျှော့ချခဲ့ခြင်းနှင့် လိုက်လျောညီထွေ အစိုးရငွေတိုက်စာချုပ်များအပေါ် အတိုးနှုန်းကို သက်တမ်း နှစ်နှစ်အတွက် ...